စာအုပ်အမည် - မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား
အမျိုးအစား - မြန်မာကဗျာရေးထုံးများ
ရေးသားသူ - ဟယ်ရီလွင်
File Size - 2.81 MB
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လားစာအုပ်ဟာ မြန်မာကာရန်ကဗျာဆိုင်ရာရေးထုံးများကို စုံလင်စွာဖော်ပြထားရုံမက ၊ အမျိုးအစားတစ်ခုချင်းစီကိုပါ နားလည်လွယ်အောင် ရှင်းလင်းပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြန်မာကာရန်ကဗျာရေးရာမှာ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ အသတ်၊ အလပ်၊ အသံ၊ ကာရန်၊ နဘေ၊ စတဲ့အခြေခံအချက်အလက်များအပြင် လိုက်နာရမယ့်စည်းကမ်းတွေနဲ့ ရှာင်ကျဉ်ရမယ့်အချက်များကိုပါ ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ကဗျာရေးထုံးများကတော့ သံပေါက်၊ လင်္ကာ၊ ဝဲရိုက်ဝဲသွင်း၊ ရှစ်လုံးဖွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ တေးထပ်၊ တေးရိုး၊ တေးတွဲ့၊ ရတု များနဲ့ ၄င်းတို့ရဲ့ ကဗျာအမျိုးအစားခွဲများကိုပါ တစ်မျိုးချင်းစီအလိုက် ရှင်းလင်းတင်ပြထားပါတယ်။ လေ့လာဖတ်ရှုလိုပါက -

